Thursday, March 1, 2012

ရင်တွင်းစာမျက်နှာ အစပျိုးခြင်း....

ရင်တွင်းစာမျက်နှာ အစပျိုးခြင်း

အားလုံးကို မင်္ဂလာပါလို့အရင် နှုတ်ဆက်ချင်ပါတယ် ရှင်..ကျွန်မ နည်းနည်းလောက် ပြောပါရစေနော်.....
Blog တွေကိုစတင်စိတ်ဝင်စားလာတာ ဟင်းတွေကစတယ်လို့ပြောလို့ရပါတယ် ပထမတော့ facebook က သူငယ်ချင်း နေခြည် နွေးနေခြည် ရဲ့ food diary ကို ကြည့်ပီး ဖတ် ဖတ်ပီးချက်ပေါ့ အဲကနေ သူ့ပုံတွေမှာပါတဲ့ link တွေကို သွားရင်းနဲက Blog တွေကို စတင် သိထားခဲ့ပါတယ်.. အဲဒါထက်အရင်ဆုံး blog တွေကိုပေးဖတ်ဖူးတဲ့ သူရှိပါတယ် အဲတုန်းက လဲ ဆိုင်မှာပဲ သုံးရတာဆိုတော့ ကိုယ်သုံးမဲ့အချိန်နဲ့ ကွန်နက်ရှင်နဲ့ ချိန်ပီး အင်တာနက်ဆိုင်ရောက်တာနဲ့ ကိုအရင်ဆုံးလုပ်တာက facebook, gtalk ဒါတွေကိုပဲ ဦးစားပေးလုပ်ဖြစ်တယ်ပေါ့ရှင် (သူ့ကိုတော့ ဖတ်တယ်လို့ပြောရတာပေါ့ :) အရင်တုန်းကအမိနိုင်ငံမှာလဲ blog တွေကို ပေးမဖွင့်ထားဘူးလေ ခုတော့မသိဘူး.... တခါဝင်ကြည့်လို့ blog page မပွင့်တာနဲ့ နောက်ကို လုံးဝကိုဝင်မကြည့်တော့တာ.. အဲဆက်မယ်.. နေခြည်ရဲ့ ပုံတွေအောက်က နေ Ma Evy လင့်ကနေ ၀င် ပီးတော့ တဆင့်တဆင့် ၀င်ကြည့်ရင်းနဲ့ ပထမဆုံး အစားအသောက်တွေ ရဲ့ Blog တွေကိုရင်းနှီးခဲ့တာပေါ့ ခုချိန်ထိ အမြဲဝင်ကြည့်ဖြစ်တဲ့ Blog တွေကတော.
၁) တီချမ်းရဲ့ကမ္ဘာ
၂) လွယ်ကူမြန်ဆန်စားမြိန်ဟင်းချက်နည်း
၃) Wutyee Food House
၎) နွေးနေခြည်
၅) Chaw Su' Food House
၆) PURPLE VINE (Bookmarks ထဲမှာသိမ်းထားပီးသေချာတော့မဖတ်ရသေးပါဘူး ၀န်ခံတာပါ)
၇) Aung Moe Thu
ခုလို မျိုး ရေးတယ်ဆိုတာလဲ ဒီ Blogger တွေက ကျွန်မရဲ့ မြင်ဆရာတွေဆိုလဲမမှားပါဘူး ဒါကြောင့်ပါ။ စားစရာ ဘလော့ဂ်တွေပဲ ကြည့်ပေမယ့် ကျွန်မဟင်းမချက်တတ်ပါဘူး ဟင်းချက်နည်းတွေရေးဖို့လဲစိတ်မ၀င်စားပါဘူး. ဒါပေမယ့်ခုက ချက်ကိုချက်ရမဲ့အချိန်ကိုရောက်လာလို့ အထက်ပါ ဘလော့ဂ်များမှနည်းများအတိုင်းချက်ခဲ့ပါတယ် အရမ်းကိုအဆင်ပြေတယ် ဒီနေရာကနေ ကျွန်မရဲ့မြင်ဆရာများ(Blog teachers )ကိုကျေးဇူးတင်ကြောင်းထပ်ပြောပါရစေ :) ဒါဆိုဘာလို့ဘလော့ဂ်လေးဖန်တီးချင်တာလဲဆိုတော့ ရင်ထဲမှာဖြစ်ပေါ်လာတဲ့ခံစားချက်တွေ . ဖြတ်သန်းခဲ့ရတဲ့ (အဲ ရင်နှင့်ရင်းပီးရခဲ့တဲ့ အတွေ့အကြုံလေးတွေ)အစရှိသဖြင့်ပေါ့နော် ကျွန်မ စာထဲမှာချရေးချင်လာတယ်။။ အဲလိုရေးဖို့ ဒီနေရာလေးကို ရွေးချယ်ခဲ့မိပါတယ်) ကျွန်မဆိုတဲ့မိန်းမက လေ စာအုပ်ထဲမှာစာရေးရမှာအရမ်းမကြိုက်ပါဘူး (ပျင်းတယ်လို့မသုံးချင်လို့ပါ :P) အမိုး ဆီကို စာရေးတာတောင် ဖြစ်နိုင်ရင် ကွန်ပျုတာနဲ့ပဲရိုက်ပီးပို့ချင်သေးတာ မလုပ်ပါနဲ့လို့တားလို့ပါ :) ဒါကြောင့် ကျွန်မရဲ့ရင်ထဲက အရများကို Blog ဆိုတဲ့စာမျက်နှာမှာ မှတ်တမ်းတင်ချင်လို့ပါရှင်. ကျွန်မစာလဲကောင်းကောင်းမရေးတတ်ပါဘူး စိတ်ထဲမှာရှိတာလေးတွေကိုမှတ်တမ်းတင်ချင်လို့ပါ ... နောက်တစ်ခုက ကျွန်မရဲ့ရင်တွင်းစာမျက်နှာလေးကို ၀င်ကြည့်ပီး အားပေးကြမဲ့အသံလေးတွေကိုလဲကြားချင်လွန်းလို့ပါ :)
ခုဘလော့ဂ်လေးကလဲခုမှစလုပ်တာဆိုတော့ မပြည့်မစုံမလှမပဖြစ်နေပါတယ် သီးခံပေးပါနော် (ဒါတောင်သူများလုပ်ပေးတာ သူက နောက်မှဆက်လုပ်ပေးမယ်ဆိုလို့ :P)
ကျွန်မမသိတာတွေရှိခဲ့ရင်လဲ စီနီယာတွေကကျွန်မကိုပြောပြ ညွန်ကြားပေးပါနော်.. ကျွန်မမျှော်လင့်ပါတယ် စီနီယာတွေဆီက နွေးထွေးသောလက်များကို..
၂၀၁၂ မတ်လရဲ့ ပထမဆုံးရက်လေးမှာကျွန်မရဲ့ ရင်တွင်းစာမျက်နှာ လေးကို စတင်အုတ်မြစ်ချလိုက်ပါပီ.
အားလုံးကိုကျေးဇူးတင်ပါတယ်


No comments:

Post a Comment

ယဉ်ကျေးသိမ်မွေ့စွာဖြင့် ဝေဖန် ရေးသား အကြံပြုပေးပါ။